Thursday, 1 September 2011

“သစ်ထွင်းလှေ”

ဟောဒီ .... 
ဆိုင်ရုံသာ ဆိုင်ခွင့်ရတဲ့ 
နေ့နက်နက်တွေထဲ အော်သံတွေကို
ထွေးပွေ့လို့ လှမ်းလာလိုက်ပုံများ
ဒီကောင့် မျက်နှာ ဝင်းပလို့။

မျှော်လင့်ခြင်း မြစ်တစင်းမှာ 
သူ မျောလိုက်လေတဲ့ 
ပျိုးစာလုံးတွေဟာ 
သူ ချစ်တဲ့မြို့ကြီးကို 
လှစေနိုင်သလို ဝင်းပလို့။
ရွေ့ရွေ့လာတဲ့
ဒီကောင့်နှုတ်ခမ်းရဲတွေဟာ
ကမ်းပြိုချောင်းလေးထဲမရောင်ခင်
ဆွဲတင်လိုက်ရပေမယ့်လည်း
အံ့သြစရာ
သူ့နှုတ်ခမ်းက ဝင်းပလို့။

ရှင်သန်ခွင့်မရအောင်
ဒီကောင် အားစိုက်ရိုက်ရိုက်ချိုးရ
လောဘရိုင်းရိုင်းတွေလည်း
အနုပညာမှာတော့ ဝင်းပလို့။

မိုးက
ဖေးဖေး မ, , လေး
တွဲခေါ်လာပေမယ့်လည်း
လျှပ်ဆိုတာက
ထိုးခွဲလင်းလတ်ဗီဇလို့
ဖွဖွလေးပြော
ဒီကောင်မောသွားမှာ
ဟော့ဒီမြို့ကြီးကို ဝင်းပချင်တဲ့ကောင်
မျောသွားမှာ
(
အိမ်မက်နေ့တွေထဲ)
ငါ ... အော်လိုက်ရတာ။

                                                   စောဝေ

No comments:

Post a Comment